Phyo Wai Yan
3 min readAug 22, 2021

Unicode font ~~~~~

ဆံပင်ကျွတ်တတ်တဲ့ ပြောင်ကြီးတို့အတွက် အိမ်တွင်းကုထုံးလေးများကို မင်မင်ပြောပြပေးသွားပါ့မယ်

မင်မင်အခုပြောမယ့်ကုထုံးလေးတွေက ဆံပင်ကျွတ်တာကိုကာကွယ်ပေးနိုင်သလို ဆံပင်သန်အောင်လည်း လုပ်ပေးနိုင်ပါတယ်

စကားအရှည်ကြီးမပြောချင်ဘူးဟယ်
စပြောရအောင်

၁ - နှိပ်နယ်ပေးပါ

ဦးရည်ပြားကို ဆီလေး ဒါမှမဟုတ် Mask လေးလိမ်းပြီး နှိပ်နယ်ပေးခြင်းက အမွှေးပေါက်စေတဲ့ အရေပြားဆဲလ်တွေကို လှုံ့ဆော်ပေးသလိုဖြစ်တာကြောင့် ဆံပင်သန်စေနိုင်ပါတယ်
ကိုယ်ဟာကိုယ်နှိပ်နယ်လို့ရတယ်ဆိုပေမယ့် ဖီးမလာဘူးလေနော်

ဆံပင်ညှပ်ဆိုင်တွေမှာ ခေါင်းလျော်ရင်းနဲ့ နှိပ်ခိုင်းတာမှဖီးလာတာ

သူတို့လေးတွေလည်း ပိုက်ဆံရ၊ ကိုယ်လည်း ဆံပင်သန်ရနဲ့ ဘယ်လောက်အဆင်ပြေလဲ

၂ - ရှားစောင်းရှပတ်

ရှာစောင်းက သုံးတဲ့နေရာမှားနေကြတာပါ

မျက်နှာသွားသွားလိမ်းပြီး ဝက်ခြံတွေထွက်ကြနဲ့ တိုင်တွေပတ်နေကြတာ

အမှန်တကယ် ရှားစောင်းက ဦးရည်ပြားနဲ့တည့်တာပါ

ဆံပင်သန်စေတယ်၊ ဗောက်ပျောက်စေတယ်၊ အမွှေးပေါက်တွေပွင့်စေတယ်

မင်မင်ဆေးတွေဆိုးပြီး ဆံပင်ကျွတ်တုန်းကဆို၊ ကတုံးတုန်းပြီး ရှားစောင်းထိုင်ပွတ်လိုက်တာ အခုဆံပင်တွေနက်ပြီး ပြန်တောင်ထူလာပြီနော်

အဲ့တုန်းက ဂတုံးပုံကတော့ နင်တို့သုံးလို့ ပြီးမှာမဟုတ်တော့ဘူး 😒

၃ - အုန်းဆီ

အုန်းဆီကတော့ နံနခြားသားတွေအတွက် အထူးအဆန်းဆိုပေမယ့် မြန်မာနိုင်ငံကလူတွေအတွက်တော့ မထူးဆန်းပါဘူး

အုန်းဆီမှာ ဖက်တီးအက်စစ်တစ်မျိုးပါဝင်ပြီး သူက ဦးရေပြားအနက်ရှိုင်းဆုံးအထိ ဖောက်ဝင်နိင်ကာ ဆံသားပရိုတင်းဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်

အုန်းဆီလိမ်းရင်တစ်ခုသတိထားဖို့က နဖူးပေါ်တော့ မစီးကျပါစေနဲ့ သူက Comedogenic ဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့် မျက်နှာအရေပြားပေါ်ရောက်ရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်နိုင်ပါတယ်

၄ - Viviscal

ဆံပင်ပါးတဲ့သူတွေအတွက် ဖြည့်စွက်စာတစ်မျိုးပါ

သူ့မှာ ဗီတာမင်၊ သတ္ထုဓာတ်၊ ငါမန်းနဲ့ ခရုကမာအမှုန့်တို့ဖြင့် ပြုလုပ်ထားတဲ့ AminoMar C ခေါ် ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်

အဲ့ဒီဒြပ်ပေါင်းက နဂိုရှိပြီးသား အမွှေးဆဲလ်တွေကို သန်စွမ်းစေရုံသာမက၊ ဆဲလ်အသစ်တွေပါ ဖြစ်ပေါ်စေပါတယ်

အာနိသင်ပြဖို့ တစ်နေ့၂လုံးနဲ့ အနည်းဆုံး၆လလောက်ထိ သောက်ပေးဖို့လိုပါတယ်

Viviscal ကို ဖြည့်စွက်စာအနေနဲ့သာမက ခေါင်းလျှော်ရည်တွေမှာပါ တွေ့နိုင်ပါတယ်

၅ - ငါးကြီးဆီ

ငါးကြီးဆီကလည်း သိပြီးသားဖြစ်ပါတယ်

အိုမီဂါ ဖက်တီးအက်စစ်တွေပါဝင်လို့ ဆံနွယ်တွေသန်မာစေပြီး ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုဗစ်ကာလနဲ့လည်း အကိုက်ပါ

ဟော်မုန်းဓာတ်ကိုလည်း ညှိပေးတာကြောင့် ဟော်မုန်းဝက်ခြံသမားတွေလည်း သောက်သင့်ပါတယ်

အနာကျက်တာကိုလည်းမြန်စေတာကြောင့် ဝက်ခြံအမာရွတ်တွေပျောက်တဲ့နေရာမှာလည်း ကူညီပေးပါသေးတယ်

မင်မင်လည်းသောက်နေတယ်နော်

၆ - ဂျင်ဆင်း

သူလည်းဆံပင်သန်စေတဲ့ ဖြည့်စွက်စာတစ်မျိုးပါပဲ

ဂျင်ဆင်းမှာပါတဲ့ ဂျင်ဆင်နိုစိုက်က ဆံပင်တွေကို သန်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်

ဆေးညွှန်းအတိုင်းသေချာသောက်ပေးဖို့ မမေ့ပါနဲ့
ဘေးထွက်ဆိုးကျိုးအချို့ရှိတယ်ဆိုတာကိုလည် သိထားပါ

၇ - ကြက်သွန်နီရည်

ကြံသွန်နီနံ့ခံနိုင်ရင် သုံးပေးဖို့ လုံးဝအကြံပြုပါတယ်

ဆံပင်ကျွတ်တာမှာ အဆိုးဆုံးထဲက အကွက်လိုက်ကျွတ်တဲ့လူတွေတောင် ကြက်သွန်နီရည်နဲ့ သက်သာပါတယ်

ကြက်သွန်နီဆိုတာ ဆံပင်အတွက် အလွန်ကောင်းတဲ့အရာပါ

ဦးရေပြား သွေးဆီးဆင်းမှုလည်းကောင်းစေသလို၊ ဆံပင်ဆဲလ်တွေကိုလည်း လှုံ့ဆော်ပေးပါတယ်

မျက်နှာတော့ သွားမလိမ်းနဲ့ပေါ့ 😒

မိန်းမတွေဖြစ်ပြီး နှုတ်ခမ်းမွှေးတွေ ထွက်လာလိမ့်မယ်

ယောက်ျားလေးတွေကတော့ အမွှေးထူချင်ရင်လိမ်းပေါ့

လုပ်တာလွယ်ပါတယ် ကြက်သွန်နီကို ကြိတ်ပြီး အရည်ညှစ်လိုက်၊

ရလာတဲ့အရည်ကို ခေါင်းပေါ်လိမ်း၊ ၁၅မိနစ်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ

၈ - Rosemary Oil

ဆံပင်ကျွတ်ခြင်းအတွက် ပထမဆုံးသုံးခဲ့တဲ့ အဆီဖြစ်ပါတယ်

ယောက်ျားလေးတွေ အသက်ကြီးလို့ထိတ်ပြောင်တဲ့သူဆိုရင် Rosemary Oil သုံးလို့ရပါတယ်

သူကလည်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံပင်ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ

Rosemary Oil ကို အုန်းဆီနဲ့ရောပြီး ဦးရေပြားကိုလိမ်းကာ နှိပ်နယ်ပေးလို့ရပါတယ်

ခေါင်းလျော်ရည်ထဲလည်း နည်းနည်းထည့်ပြီး တွဲသုံးနိုင်ပါတယ်

Rosemary Oil သက်သက်ကြီး ခေါင်းပေါ်တင်လို့မရတာကို မှတ်ထားပါ

၉ - Geranium Oil (ရေမွှေးပန်းဆီ)

သူလည်း Rosemary Oil လိုပါပဲ အုန်းဆီ ဒါမှမဟုတ် ခေါင်းလျော်ရည်တစ်ခုခုနဲ့ တွဲသုံးပေးရပါမယ်

ဆံပင်သန်စေတယ်၊ ဆံပင်မကျွတ်အောင်ကာကွယ်ပေးတယ်၊ ဆံပင်ပြန်ပေါက်စေတယ်

ဦးရည်ပြားကို ရေဓာတ်လည်းဖြည့်ပေးပါတယ်

၁၀ - သံပယိုသီး

သံပယိုသီးအရည်ကို ခေါင်းမလျော်ခင် ၁၅မိနစ်အလိုလောက်မှာ Hair Mask အနေနဲ့ လိမ်းထားလို့ရပါတယ်

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသလို၊ ဆံပင်များကိုလည်း သန်မာစေမှာပါ

အိမ်တွင်းကုထုံးတွေကတော့ ဒါပါပဲ

တစ်ခုသိထားဖို့က လိမ်းလိုက်တာနဲ့ ဟတ်ချလောင်းဆိုပြီး ချက်ချင်းဆံပင်ပြန်ပေါက်လာမှာမဟုတ်ပါဘူးနော်

ဆံပင်ဆိုတာ နှေးပါတယ်

အဲ့ဒါကြောင် ဘယ်ကုထုံးမဆို အာနိသင်ပြဖို့ လအနည်းငယ်လောက်တော့ စောင့်ရပါတယ်

အဲ့တော့စိတ်ရှည်ရှည်နဲ့ မှန်မှန်လေးလုပ်သွားဖို့မမေ့ပါနဲ့

အပေါ်က ကုထုံးတွေကို တစ်ခုထက်ပိုပြီး လိုသလိုရောသုံးသွားလို့ရပါတယ်

အဲ့ကုထုံးတွေနဲ့ မှမပျောက်ရင်တော့ ဆရာဝန်သွားပြဖို့လိုပါပြီ

ဆံပင်ကျွတ်တာဟာ ဦးရည်ပြားကြောင့်မဟုတ်တော့ဘဲနဲ့ အခြားကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်လာနိုင်လို့ပါ

ပြောင်ကြီးတို့ အေးချမ်းပါစေလို့ မင်မင်ဆုတောင်းလျက်ပါ

Zawgyi Font ~~~~~

ဆံပင္ကြၽတ္တတ္တဲ့ ေျပာင္ႀကီးတို႔အတြက္ အိမ္တြင္းကုထုံးေလးမ်ားကို မင္မင္ေျပာျပေပးသြားပါ့မယ္

မင္မင္အခုေျပာမယ့္ကုထုံးေလးေတြက ဆံပင္ကြၽတ္တာကိုကာကြယ္ေပးႏိုင္သလို ဆံပင္သန္ေအာင္လည္း လုပ္ေပးႏိုင္ပါတယ္

စကားအရွည္ႀကီးမေျပာခ်င္ဘူးဟယ္
စေျပာရေအာင္

၁ - ႏွိပ္နယ္ေပးပါ

ဦးရည္ျပားကို ဆီေလး ဒါမွမဟုတ္ Mask ေလးလိမ္းၿပီး ႏွိပ္နယ္ေပးျခင္းက အေမႊးေပါက္ေစတဲ့ အေရျပားဆဲလ္ေတြကို လႈံ႕ေဆာ္ေပးသလိုျဖစ္တာေၾကာင့္ ဆံပင္သန္ေစႏိုင္ပါတယ္
ကိုယ္ဟာကိုယ္ႏွိပ္နယ္လို႔ရတယ္ဆိုေပမယ့္ ဖီးမလာဘူးေလေနာ္

ဆံပင္ညႇပ္ဆိုင္ေတြမွာ ေခါင္းေလ်ာ္ရင္းနဲ႔ ႏွိပ္ခိုင္းတာမွဖီးလာတာ

သူတို႔ေလးေတြလည္း ပိုက္ဆံရ၊ ကိုယ္လည္း ဆံပင္သန္ရနဲ႔ ဘယ္ေလာက္အဆင္ေျပလဲ

၂ - ရွားေစာင္းရွပတ္

ရွာေစာင္းက သုံးတဲ့ေနရာမွားေနၾကတာပါ

မ်က္ႏွာသြားသြားလိမ္းၿပီး ဝက္ၿခံေတြထြက္ၾကနဲ႔ တိုင္ေတြပတ္ေနၾကတာ

အမွန္တကယ္ ရွားေစာင္းက ဦးရည္ျပားနဲ႔တည့္တာပါ

ဆံပင္သန္ေစတယ္၊ ေဗာက္ေပ်ာက္ေစတယ္၊ အေမႊးေပါက္ေတြပြင့္ေစတယ္

မင္မင္ေဆးေတြဆိုးၿပီး ဆံပင္ကြၽတ္တုန္းကဆို၊ ကတုံးတုန္းၿပီး ရွားေစာင္းထိုင္ပြတ္လိုက္တာ အခုဆံပင္ေတြနက္ၿပီး ျပန္ေတာင္ထူလာၿပီေနာ္

အဲ့တုန္းက ဂတုံးပုံကေတာ့ နင္တို႔သုံးလို႔ ၿပီးမွာမဟုတ္ေတာ့ဘူး 😒

၃ - အုန္းဆီ

အုန္းဆီကေတာ့ နံနျခားသားေတြအတြက္ အထူးအဆန္းဆိုေပမယ့္ ျမန္မာႏိုင္ငံကလူေတြအတြက္ေတာ့ မထူးဆန္းပါဘူး

အုန္းဆီမွာ ဖက္တီးအက္စစ္တစ္မ်ိဳးပါဝင္ၿပီး သူက ဦးေရျပားအနက္ရႈိင္းဆုံးအထိ ေဖာက္ဝင္နိင္ကာ ဆံသားပ႐ိုတင္းဆုံးရႈံးမႈကို ကာကြယ္ေပးပါတယ္

အုန္းဆီလိမ္းရင္တစ္ခုသတိထားဖို႔က နဖူးေပၚေတာ့ မစီးက်ပါေစနဲ႔ သူက Comedogenic ျဖစ္တဲ့ျဖစ္တဲ့အတြက္ေၾကာင့္ မ်က္ႏွာအေရျပားေပၚေရာက္ရင္ ေခြၽးေပါက္ပိတ္ၿပီး ဝက္ၿခံထြက္ႏိုင္ပါတယ္

၄ - Viviscal

ဆံပင္ပါးတဲ့သူေတြအတြက္ ျဖည့္စြက္စာတစ္မ်ိဳးပါ

သူ႔မွာ ဗီတာမင္၊ သတၳဳဓာတ္၊ ငါမန္းနဲ႔ ခ႐ုကမာအမႈန႔္တို႔ျဖင့္ ျပဳလုပ္ထားတဲ့ AminoMar C ေခၚ ျဒပ္ေပါင္းတစ္မ်ိဳးပါဝင္ပါတယ္

အဲ့ဒီျဒပ္ေပါင္းက နဂိုရွိၿပီးသား အေမႊးဆဲလ္ေတြကို သန္စြမ္းေစ႐ုံသာမက၊ ဆဲလ္အသစ္ေတြပါ ျဖစ္ေပၚေစပါတယ္

အာနိသင္ျပဖို႔ တစ္ေန႔၂လုံးနဲ႔ အနည္းဆုံး၆လေလာက္ထိ ေသာက္ေပးဖို႔လိုပါတယ္

Viviscal ကို ျဖည့္စြက္စာအေနနဲ႔သာမက ေခါင္းေလွ်ာ္ရည္ေတြမွာပါ ေတြ႕ႏိုင္ပါတယ္

၅ - ငါးႀကီးဆီ

ငါးႀကီးဆီကလည္း သိၿပီးသားျဖစ္ပါတယ္

အိုမီဂါ ဖက္တီးအက္စစ္ေတြပါဝင္လို႔ ဆံႏြယ္ေတြသန္မာေစၿပီး ဆံပင္ကြၽတ္ျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္

ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္ ကိုဗစ္ကာလနဲ႔လည္း အကိုက္ပါ

ေဟာ္မုန္းဓာတ္ကိုလည္း ညႇိေပးတာေၾကာင့္ ေဟာ္မုန္းဝက္ၿခံသမားေတြလည္း ေသာက္သင့္ပါတယ္

အနာက်က္တာကိုလည္းျမန္ေစတာေၾကာင့္ ဝက္ၿခံအမာ႐ြတ္ေတြေပ်ာက္တဲ့ေနရာမွာလည္း ကူညီေပးပါေသးတယ္

မင္မင္လည္းေသာက္ေနတယ္ေနာ္

၆ - ဂ်င္ဆင္း

သူလည္းဆံပင္သန္ေစတဲ့ ျဖည့္စြက္စာတစ္မ်ိဳးပါပဲ

ဂ်င္ဆင္းမွာပါတဲ့ ဂ်င္ဆင္ႏိုစိုက္က ဆံပင္ေတြကို သန္လာေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္

ေဆးၫႊန္းအတိုင္းေသခ်ာေသာက္ေပးဖို႔ မေမ့ပါနဲ႔
ေဘးထြက္ဆိုးက်ိဳးအခ်ိဳ႕ရွိတယ္ဆိုတာကိုလည္ သိထားပါ

၇ - ၾကက္သြန္နီရည္

ႀကံသြန္နီနံ႔ခံႏိုင္ရင္ သုံးေပးဖို႔ လုံးဝအႀကံျပဳပါတယ္

ဆံပင္ကြၽတ္တာမွာ အဆိုးဆုံးထဲက အကြက္လိုက္ကြၽတ္တဲ့လူေတြေတာင္ ၾကက္သြန္နီရည္နဲ႔ သက္သာပါတယ္

ၾကက္သြန္နီဆိုတာ ဆံပင္အတြက္ အလြန္ေကာင္းတဲ့အရာပါ

ဦးေရျပား ေသြးဆီးဆင္းမႈလည္းေကာင္းေစသလို၊ ဆံပင္ဆဲလ္ေတြကိုလည္း လႈံ႕ေဆာ္ေပးပါတယ္

မ်က္ႏွာေတာ့ သြားမလိမ္းနဲ႔ေပါ့ 😒

မိန္းမေတြျဖစ္ၿပီး ႏႈတ္ခမ္းေမႊးေတြ ထြက္လာလိမ့္မယ္

ေယာက္်ားေလးေတြကေတာ့ အေမႊးထူခ်င္ရင္လိမ္းေပါ့

လုပ္တာလြယ္ပါတယ္ ၾကက္သြန္နီကို ႀကိတ္ၿပီး အရည္ညႇစ္လိုက္၊

ရလာတဲ့အရည္ကို ေခါင္းေပၚလိမ္း၊ ၁၅မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္ခ်လိုက္ပါ

၈ - Rosemary Oil

ဆံပင္ကြၽတ္ျခင္းအတြက္ ပထမဆုံးသုံးခဲ့တဲ့ အဆီျဖစ္ပါတယ္

ေယာက္်ားေလးေတြ အသက္ႀကီးလို႔ထိတ္ေျပာင္တဲ့သူဆိုရင္ Rosemary Oil သုံးလို႔ရပါတယ္

သူကလည္း ဆံပင္ကြၽတ္ျခင္းကို ကာကြယ္ေပးၿပီး ဆံပင္ဆဲလ္ေတြကို လႈံ႕ေဆာ္ေပးပါတယ

Rosemary Oil ကို အုန္းဆီနဲ႔ေရာၿပီး ဦးေရျပားကိုလိမ္းကာ ႏွိပ္နယ္ေပးလို႔ရပါတယ္

ေခါင္းေလ်ာ္ရည္ထဲလည္း နည္းနည္းထည့္ၿပီး တြဲသုံးႏိုင္ပါတယ္

Rosemary Oil သက္သက္ႀကီး ေခါင္းေပၚတင္လို႔မရတာကို မွတ္ထားပါ

၉ - Geranium Oil (ေရေမႊးပန္းဆီ)

သူလည္း Rosemary Oil လိုပါပဲ အုန္းဆီ ဒါမွမဟုတ္ ေခါင္းေလ်ာ္ရည္တစ္ခုခုနဲ႔ တြဲသုံးေပးရပါမယ္

ဆံပင္သန္ေစတယ္၊ ဆံပင္မကြၽတ္ေအာင္ကာကြယ္ေပးတယ္၊ ဆံပင္ျပန္ေပါက္ေစတယ္

ဦးရည္ျပားကို ေရဓာတ္လည္းျဖည့္ေပးပါတယ္

၁၀ - သံပယိုသီး

သံပယိုသီးအရည္ကို ေခါင္းမေလ်ာ္ခင္ ၁၅မိနစ္အလိုေလာက္မွာ Hair Mask အေနနဲ႔ လိမ္းထားလို႔ရပါတယ္

ဓာတ္တိုးဆန႔္က်င္ဂုဏ္သတၱိရွိသလို၊ ဆံပင္မ်ားကိုလည္း သန္မာေစမွာပါ

အိမ္တြင္းကုထုံးေတြကေတာ့ ဒါပါပဲ

တစ္ခုသိထားဖို႔က လိမ္းလိုက္တာနဲ႔ ဟတ္ခ်ေလာင္းဆိုၿပီး ခ်က္ခ်င္းဆံပင္ျပန္ေပါက္လာမွာမဟုတ္ပါဘူးေနာ္

ဆံပင္ဆိုတာ ေႏွးပါတယ္

အဲ့ဒါေၾကာင္ ဘယ္ကုထုံးမဆို အာနိသင္ျပဖို႔ လအနည္းငယ္ေလာက္ေတာ့ ေစာင့္ရပါတယ္

အဲ့ေတာ့စိတ္ရွည္ရွည္နဲ႔ မွန္မွန္ေလးလုပ္သြားဖို႔မေမ့ပါနဲ႔

အေပၚက ကုထုံးေတြကို တစ္ခုထက္ပိုၿပီး လိုသလိုေရာသုံးသြားလို႔ရပါတယ္

အဲ့ကုထုံးေတြနဲ႔ မွမေပ်ာက္ရင္ေတာ့ ဆရာဝန္သြားျပဖို႔လိုပါၿပီ

ဆံပင္ကြၽတ္တာဟာ ဦးရည္ျပားေၾကာင့္မဟုတ္ေတာ့ဘဲနဲ႔ အျခားက်န္းမာေရးျပႆနာတစ္ခုခုေၾကာင့္ ျဖစ္လာႏိုင္လို႔ပါ

ေျပာင္ႀကီးတို႔ ေအးခ်မ္းပါေစလို႔ မင္မင္ဆုေတာင္းလ်က္ပါ

#Hairloss

#PhyoWaiYan

#LibraAestheticScience

Phyo Wai Yan
Phyo Wai Yan

Written by Phyo Wai Yan

ပိပိမင်မင်ပါ ☺️☺️☺️

No responses yet